ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဖလားရရှိသော ရှမ်းပြည်နယ် အမျိုးသား ဘော်လီဘောအသင်းအား ဂုဏ်ပြု

တောင်ကြီး       ဇူလိုင်       ၅

 

 

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် ဘော်လီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဖလား ရရှိခဲ့သော ရှမ်းပြည်နယ် အမျိုးသား ဘော်လီဘောအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 

ဂုဏ်ပြုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကား ပြောကြားပြီး အောင်ပွဲရ ရှမ်းပြည်နယ် အမျိုးသား ဘော်လီဘောအသင်းမှ အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ကြသည်။  ထို့နောက် ရှမ်းပြည်နယ် အမျိုးသား ဘော်လီဘောအသင်း အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ ဒိုင်တို့က ရှမ်းပြည်နယ် ဝန်ကြီးချုပ်အား တံခွန်စိုက်ဆုဖလားကို ပေးအပ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အောင်ပွဲရ ရှမ်းပြည်နယ် အမျိုးသား ဘော်လီဘော အသင်းအား ဂုဏ်ပြုငွေကျပ် သိန်း ၁၆၀ ကို ချီးမြှင့်သည်။  ဆက်လက်၍ အလှူငွေများ လှူဒါန်းပေးကြသော ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များအား ရှမ်းပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး အသင်းအုပ်ချုပ်သူ ဦးဌေးအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

 

မောင်မောင်သန်း(တောင်ကြီး)