စက်တင်ဘာ ၁၇

မြန်မာနိုင်ငံအနေဖြင့် ယခုဘဏ္ဍာနှစ်ငါးလအတွင်း ပြည်ပဈေးကွက်သို့ ပုစွန်တင်ပို့မှု မက်ထရစ်တန်ချိန် ၃၇၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀.၄၈၅ သန်းရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့်ငါးလအတွင်း ပုစွန်မက်ထရစ်တန်ချိန် ၃,၃၅၀ ကို ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈.၃၇ သန်းရရှိခဲ့သည်။ ထို့အပြင် နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၂.၁၁၄ သန်းတန်ဖိုးရှိ ပုစွန် တန်ချိန် ၃၈၄.၅၄  တန် တင်ပို့နိုင်ခဲ့ရာ စုစုပေါင်းတန်ချိန် ၃,၇၄၀.၅၅၃ ရှိပြီး အမေရိကန်ဒေါ်လာ ၁၀.၄၈၅ သန်းရရှိခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပုစွန်တန်ချိန် ၉,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုတို့မှတစ်ဆင့် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန်အပါအဝင် နိုင်ငံပေါင်း ၄၀ သို့ တင်ပို့လျက်ရှိသည်။

MDN