နေပြည်တော် ၁၄ ဖေဖော်ဝါရီ
ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းသည် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် စားနပ်ရိက္ခာဖူလုံမှုနှင့် စားနပ်ရိက္ခာ ဘေးကင်းလုံခြုံမှု မူဝါဒဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး နေ့စဉ်စားသုံးနေကြသော အစားအစာများ၏ အာဟာရပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးသီးနှံများအား ဓာတုဆေးဝါးများ လွန်ကဲစွာသုံးစွဲမှု အခြေအနေများနှင့် စိုက်ပျိုးမြေများ၏ အရည်အသွေးများ လေ့လာဆန်းစစ်ချက်ဆိုင်ရာ ကိစ္စရပ်များ၊ ကျောင်းမုန့်ဈေးတန်းများတွင် ပြုလုပ်ခဲ့သော သုတေသနရလဒ်များ၊ ကျေးရွာထင်းစိုက်ခင်းဥပဒေ၊ ကျောင်းမုန့်ဈေးတန်း ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


