ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော် ၁၄ မတ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၂၅) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခွန်မောင်သောင်း၊ ပင်လောင်းမဲဆန္ဒနယ်၏ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)မှ ပအိုဝ်းတိုင်းရင်းသူ/ တိုင်းရင်းသားများ (၃၁၇)ဦးနှင်‌့ Danish Institute for Parties and Democracy (DIPD)မှ ဆလိုင်းဒေးဗစ်ဗန်ဘွေမာန် ဦးဆောင်သည့် အဖွဲ့(၂၈)ဦး၊ စုစုပေါင်း(၃၄၅)ဦးတို့သည် ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော် အဆောက်အအုံများကိုလေ့လာကြည့်ရှုခဲ့ကြသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၄၉၃၂၉ ဦးနှင့် ပြည်ပဧည့်သည် ၂၁၀၂ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)