mdn

နေပြည်တော် ၂၂  နိုဝင်ဘာ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးဆဋ္ဌမနေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးအောင်သောင်းရွှေ၊ ဘူးသီးတောင်မဲဆန္ဒနယ် ၏ မိသားစုဝင် (၂)ဦး၊ ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှမဲဆန္ဒနယ်၏ မိတ်ဆွေ (၁၂)ဦး၊ ဦးမျိုးဇော်ဦး၊ လယ်ဝေးမဲဆန္ဒနယ်၏ မိတ်ဆွေများဖြစ်သည့် Singapore Sports  School မှ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၂၅)ဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊   အခြေခံသံတမန် ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၄၃/၂၀၁၉)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း ဦးဆောင်သည့် သင်တန်းသား/ သင်တန်းသူ (၁၂၉) ဦး၊ စုစုပေါင်း (၁၆၈) ဦးတို့သည်  ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက် လေ့လာပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။

 

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်တွင်းဧည့်သည် ၅၈၂၁၆ ဦးနှင့် ပြည်ပဧည့်သည် ၂၃၄၅ ဦး၊ စုစုပေါင်းဧည့်သည်၆၀၅၆၁ဦးရှိပြီဖြစ်ကြောင်းနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာ လိုပါကပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်တို့ထံလိပ်မူပြီးအစိုးရရုံးပိတ်ရက်များမပါ (၃) ရက် ကြိုတင် ပေးပို့နိုင်ပါကြောင်း သိရသည်။

 

(သတင်းစဉ်)