နေပြည်တော် ၁၄ ဖေဖော်ဝါရီ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဝင်းဝင်း၊ မင်းဘူး(စကု) မဲဆန္ဒနယ်၏မိသားစုဝင် (၅)ဦး၊ ဦးအောင်ကျော်ကျော်ဦး၊ လှိုင်မဲဆန္ဒနယ်၏ မိတ်ဆွေ(၆)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်၊ ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၈)၏ မိတ်ဆွေ(၂၉)ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေး၊ ကော့မှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ကော့မှူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ (၁၂၆)ဦး၊ စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ဒေါ်မေယမုံထွန်း ဦးဆောင်သည့်အဖွဲ့ဝင် (၁၃)ဦးနှင့် သြစတြေးလျသံရုံးမှ ဒေါ်နန်းအေးမြဟန်ထွန်းနှင့် သြစတြေးလျနိုင်ငံသူ (၂)ဦး စုစုပေါင်း (၁၈၁)ဦးတို့သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးလင်းလင်းကျော်၊ မြစ်သားမဲဆန္ဒနယ်၏ မိသားစုဝင် (၂)ဦးတို့သည်လည်း လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၄၆၃၉၄ ဦးနှင့် ပြည်ပဧည့်သည် ၂၀၆၂ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


