ရေနံချောင်း ၂၀ ဖေဖော်ဝါရီ 


မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့မှ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ရေနံချောင်းမြို့မ ဈေးကြီး၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထို့သို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က စားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် ပစ္စည်းအမျိုးအစားအလိုက် ဖော်ပြပါရှိရမည့် အကြောင်းအရာများကို ပညာပေးရှင်းလင်းကာ သက်တန်းလွန်စာသောက်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ မရှိ စစ်ဆေးခဲ့သည်။


ပြည်သူများဘေးအန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စာသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ရေနံချောင်းမြို့မ ဈေးကြီးရှိ စားသောက်ကုန်ပစ္စည်း ရောင်းချသည့်ဈေးဆိုင် ၁၁ ဆိုင်အား ဝင်ရောက်စစ်ဆေးခဲ့ပြီး သက်တန်းလွန် စားသောက်ကုန်ပစ္စည်းများကို သိမ်းဆည်းကာ မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။


ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးရှိန်မြင့်မောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ မြို့မဈေး တာဝန်ခံ ဦးညီညီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကိုစိုးကြီး

 

123