နေပြည်တော် အောက်တိုဘာ ၂၀
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ အောင်စည်သာကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ဇိနောဒယပရိယတ္တိ စာသင်တိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ရိုးဂိုးကျောင်းဟောင်းကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်ရှိ ဇေယျဝတီပရိယတ္တိစာသင်တိုက်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဥက္ကံသာ ရာမ ရွှေကျောင်းတိုက်နှင့် သာကေတမြို့နယ်ရှိ တိပိဋကာလင်္ကာရကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော် များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ မဟာဓမ္မိကာရာမကျောင်းတိုက်၊ မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာဝိဇယရံသီစလေ ကျောင်းတိုက်၊ အမရပူရ မြို့နယ်ရှိ မကျည်းတောကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ နေထွက်ဂူကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဓမ္မဝိဟာရကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ အောင်မြေဘုံသာကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော် များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)


