နေပြည်တော်  ၂၅  ဖေဖော်ဝါရီ 

 

နိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ပါတီဌာနချုပ်၌ ကျင်းပသည်။

 

သတင်းစာရှင်းလင်းပွဲ၌ ပါတီဗဟိုပြောရေးဆိုခွင့်အဖွဲ့မှ ဦးသောင်းအေး၊ ဒေါက်တာနန္ဒာ လှမြင့်၊ ဦးအောင်ချိုဦး၊ ဦးသိန်းထွန်းဦး၊ ဒေါ်နန်းမြမီမီဇော်နှင့် ဒေါ်ယမင်းမြင့်ဆွေ တို့က နိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို  ပြန်လည်ရှင်းလင်း ဖြေကြားကြ သည်။ 

 

(သတင်းစဉ်)