ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာ

နေပြည်တော်  ၁၅  မတ်


 
ဒုတိယအကြိမ်  ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်း အဝေး (၁၆)ရက်မြောက်နေ့ကျင်းပနေမှုကို Department for International Development မှ အဖွဲ့ဝင်များ၊ Yangon International School မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် လွှတ်တော်ကိုယ်စားလှယ် များမှတဆင့် လာရောက်သည့် ပြည်သူများ စုစုပေါင်း (၃၁၄)ဦး တက်ရောက် လေ့လာကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လေ့လာသူပေါင်း (၅၀၅၆၄)ဦး ရှိပြီးလွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသား လွှတ်တော်ရုံး တို့မှ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။

 

(သတင်းစဉ်)