ညောင်တုန်း   နိုဝင်ဘာ   ၁၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည်  ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသိပညာပေးခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း ဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများက ရွေးကောက်ပွဲအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များကို   ဆွေးနွေးတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်သည်  ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်  အသုံးပြုမည့်   မြန်မာအီလက်ထရောနစ် မဲပေးစက်များ  ထားရှိမည့်နေရာအား ကြည့်ရှုစစ်ဆေး၍ အမှတ်(၂)ရပ်ကွက်‌ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ တက္ကသိုလ်၊  ဒီဂရီ ကောလိပ်၊ ကောလိပ်တို့တွင် တက်ရောက်မည့်  ကျောင်းသား ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနေမှုများကို    ကြည့်ရှုခဲ့ကြောင်း သိရသည်။  

မြို့နယ်(ပြန်/ဆက်)