လက်ပံတန်း ဒီဇင်ဘာ ၂၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မြင့်လွင်သည် ယနေ့မွန်းလွဲပိုင်းတွင် လက်ပံတန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး မြို့နယ်အတွင်း ဆောင်ရွက်မည့် ရွေးကောက်ပွဲဆိုင်ရာများနှင့်ပတ်သက်၍ မဲဆန္ဒရှင်စာရင်းများထဲတွင် သေဆုံးသူများပါဝင်နေခြင်း ရှိ၊ မရှိ၊ အသက် ၁၀၀ နှင့်အထက် ရှိနေသူများ မြေပြင်တွင် အမှန်တကယ် နေထိုင်မှုရှိ၊ မရှိတို့ကို စစ်ဆေးပေးရန်နှင့် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေး စနစ်တကျ ဆောင်ရွက်ရန်ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်သည် လက်ပံတန်းမြို့ အခြေခံပညာအလယ်တန်းကျောင်း(ကျွန်းကလေး)နှင့် အခြေခံပညာ အထက်တန်းကျောင်း (ကျေးနီ)တို့တွင် မဲရုံပြင်ဆင် ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


