နေပြည်တော် ဒီဇင်ဘာ ၂၇

 

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ကာဇက်စတန်နိုင်ငံ ဗဟိုရွေးကောက်ပွဲ ကော်မရှင် ဒုတိယဥက္ကဋ္ဌ H.E. Mr. Yerman Mukhtar အား ယနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel ပုဂံဆောင်ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က ရွေးကောက်ပွဲတွင် စောင့်ကြည့် လေ့လာရမည့် အစီအစဉ်များ၊ လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲအဖြစ် ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကာဇက်စတန်နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌက ကာဇက်စတန်နိုင်ငံ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမှုအခြေအနေကို ရှင်းလင်းပြီး မြန်မာနိုင်ငံ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က ရင်းနှီးပွင့်လင်းစွာ ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်