နေပြည်တော် ၁၁ ဖေဖော်ဝါရီ
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဂျပန်နိုင်ငံ Aichi Bar Association ၏ နိုင်ငံတကာရေးရာ ကော်မတီ ဥက္ကဋ္ဌ Mr. NAKAGAWA Shingo နှင့် ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာန၊ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) စသည့် အဖွဲ့အစည်းတို့အကြား ဥပဒေရေးရာကဏ္ဍနှင့် လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Capacity Development Project ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေမှုများ၊ ဂျပန်နိုင်ငံ ရှေ့နေများအသင်း ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ၊ ရှေ့နေများ၏ အရည်အချင်းနှင့် ကျင့်ဝတ်သိက္ခာ မြင့်မား ရေး၊ စည်းကမ်းထိန်းသိမ်းရေး စသည့်တို့ကို ကျင့်သုံးဆောင်ရွက်နေမှုများ၊ ရှေ့နေအဖွဲ့အစည်းများ ဖွဲ့စည်းရပ်တည်နေမှုများကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


