နေပြည်တော် ၂၇ ဖေဖော်ဝါရီ
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် TheInternational Legal Found- ation(ILF)မှ Executive Director, Ms. Jennifer Smith နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးစနစ် ထိရောက်အောင်မြင်ရေးအတွက် ILF မှ ကူညီဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ပါဝင်ဆောင်ရွက်နေမှု၊ အမှုဖြင့် စုံစမ်းစစ်ဆေးခြင်း အဆင့်နှင့် တရားစွဲဆိုခြင်း အဆင့်တို့တွင် ဥပဒေဆိုင်ရာအထောက်အကူများ ရရှိနိုင်ရေးနှင့် တရားမျှတမှုကို အားလုံးလက်လှမ်းမီရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးနှင့် သက်ဆိုင်သည့် အစိုးရဌာနအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နေမှု၊ သင်တန်းများ ကျင်းပနိုင်ရေးနှင့် နိုင်ငံတကာ လက်တွေ့ကျင့်သုံးမှုများကို လေ့လာနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


