ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည်ပြုပြင်မွမ်းမံနေမှုများ ကြည့်ရှုစစ်ဆေး
နေပြည်တော် ဒီဇင်ဘာ ၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ် ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ခရီးစဉ်တွင်လိုက်ပါ လာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မဟာမုနိဘုရားကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် သာသနိကအဆောက်အအုံများအား ရှေးမူမပျက် ပြန်လည်တည်ဆောက် ပြုပြင်မွမ်းမံနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဖူးမြော်ကြည်ညို
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် မဟာမုနိဘုရားကြီးသို့ ရောက်ရှိကြပြီး ဘုရားဖူးလာမိဘပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မဟာမုနိဘုရားကြီးအား မြသပိတ်ဆွမ်းတော်၊ သစ်သီးဆွမ်းတော်နှင့် ပန်း၊ ရေချမ်းကပ်လှူပူဇော်ကာ ဖူးမြော်ကြည်ညိုသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မဟာမုနိဘုရားကြီးအား လက်ယာရစ်လှည့်လည်၍ ဘုရားကြီးရှိ သာသနိက အဆောက်အအုံများတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ရှေးမူမပျက် ပြန်လည်ပြုပြင် တည်ဆောက်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ၊ အသစ် တည်ဆောက်ရသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စနစ်တကျ ဖြစ်စေရေး တွက်ချက်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အလှူတော်ငွေများလှူဒါန်း
ယင်းနောက်နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့က ဘုရားကြီးဘက်စုံပြုပြင် မွမ်းမံရန်အတွက် စုပေါင်းအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။
လမ်းညွှန်မှာကြား
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်ပလှူဖွယ်ပစ္စည်းများပြခန်းနှင့် ချိတ်ဆွဲရတနာခန်းမသို့ရောက်ရှိပြီး ငလျင်ဘေးဒဏ်ဖြစ်ပေါ်ချိန်တွင် ပြင်းထန်သော လှုပ်ခတ်မှုများကြောင့် မြေခခဲ့ရသည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့၌ စေတနာရှင် အများပြည်သူများလှူဒါန်းထားရှိသည့် ရတနာရွှေငွေ ကျောက်သံပတ္တမြားနှင့် စိန်ဖူးတော်များ၊ ငှက်မြတ်နားတော်၊ ရတနာရွှေအိုးနှင့် ဆည်းလည်းကိုးခိုင်၊ နတ်မင်းကြီးလေးပါး၊ ဇွန်းလေးဘုံ၊ ဆပ်သွားဖူးတော်၊ ထီးတော်ကြီးဘုံကိုးဆင့်တို့အား ထိန်းသိမ်း ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ဘုရားစောင်းတန်းနေရာသို့ရောက်ရှိပြီး ဘုရားစောင်းတန်းများသည် ဘုရားဖူးလာ မိဘပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သွားလာနိုင်ရန် ဆောင်ရွက်ပေးထားခြင်းဖြစ်သဖြင့် စနစ်တကျ ဖြစ်ရန်လိုကြောင်း တာဝန်ရှိသူများအားလမ်းညွှန်မှာကြားပြီး ဘုရားဖူးလာရောက်ကြသည့် ဘုရားဖူးလာမိဘပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


