နေပြည်တော် ၁၉ ဖေဖော်ဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) လက်ထောက်ညွှန်ကြားရေးမှူးချုပ်နှင့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Ms.Kundhavi Kadiresan အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးမှု၊ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရ ပြည့်ဝရေး၊ မြေနှင့် ရေအရင်းအမြစ်များ စီမံခန့်ခွဲရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် သဘာဝဘေးဒဏ် ခံရမှုလျော့ပါးရေးကဏ္ဍများတွင် ဝန်ကြီးဌာနနှင့် FAO တို့ပူးပေါင်း၍ ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်ရန်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


