ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိ်မ်းကြီး တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ် ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော်  ၁၃  မတ် 

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အမှတ် (၄) အခြေခံပညာ အထက် တန်းကျောင်းစာစစ်ဌာနသို့ ရောက်ရှိပြီး ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ/ ဘောဂဗေဒဘာသာရပ် ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပ ဆောင်ရွက်ရာတွင် အားနည်းချက်များကို အမြန်ဆုံးဖြည့်ဆည်း၍ ကောင်းမွန်အောင် ဆောင်ရွက်ပေးရန်နှင့် အားသာချက်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးကြရန်၊ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆို နိုင်ရေးဆောင်ရွက်ပေးကြရန် မှာကြားသည်။

 

အလားတူ ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာန၊ ပျော်ဘွယ်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် ရမည်းသင်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက်ကြည့်ရှုအားပေးကာ ကြီးကြပ်ရေးမှူး၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့်တွေ့ဆုံကာ လိုက်နာဆောင်ရွက်ကြရမည့် တာဝန်ဝတ္တရား များကို ကျေပွန်စွာဆောင်ရွက်ကြရန်၊  တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီးနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် မှာကြားသည်။ 

 

ယင်းနောက် မေးခွန်းလွှာ၊ အဖြေလွှာများဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

မန္တလေးတိုင်းဒေသကြီးတွင် ဇီဝဗေဒဘာသာရပ် စာမေးပွဲဖြေဆိုရန် စုစုပေါင်း (၄၅၄၅၄) ဦးစာရင်းပေးသွင်းကြ၍ (၄၄၂၂၄)ဦး ဝင်ရောက်ဖြေဆိုကြပြီး ဘောဂဗေဒ ဘာသာရပ်ဖြေဆိုရန် (၇၈၂၀၆) ဦးစာရင်းပေးသွင်း၍ (၇၄၆၇၄)ဦး ဝင်ရောက်ဖြေဆို ကြသည်။

 

နေပြည်တော်ကောင်စီနယ်မြေရှိ စာစစ်ဌာနများတွင် ဇီဝဗေဒဘာသာရပ် စာမေးပွဲဖြေဆိုရန် စုစုပေါင်း (၅၄၅၁) ဦးစာရင်းပေးသွင်းကြပြီး (၅၂၅၀) ဦး ဝင်ရောက် ဖြေဆိုကြပြီး ဘောဂဗေဒဘာသာရပ် ဖြေဆိုရန် (၂၀၆၆၉) ဦးစာရင်းပေးသွင်းပြီး (၁၉၅၀၇) ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)

 

DSC03600