နေပြည်တော် ၂၀ ဖေဖော်ဝါရီ 

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် UNESCO, IMS/Fojo, Internews, BBC Media Action, JICA, DW Akademie နှင့် My Pol အဖွဲ့မှ ကိုယ်စားလှယ်များအား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

kzh2

 

တွေ့ဆုံစဉ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၅ ရက်က  ကျင်းပပြီးစီးခဲ့သည့် သတ္တမအကြိမ်  မြန်မာ့မီဒီယာဖွံ့ဖြိုးရေးညီလာခံတွင် ဆွေးနွေးခဲ့သော နယ်ပယ် (၄)ခုဖြစ်သည့် ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများမှတစ်ဆင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်၊ ရုပ်သံလွှင့်မီဒီယာဥပဒေနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ မီဒီယာ၊ စာနယ်ဇင်းသမားများ၏ လုံခြုံရေး၊ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုတွင် ပြည်တွင်းမီဒီယာများ ရေရှည်တည်တံ့ရေးတို့နှင့် ပတ်သက်၍ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

 

(သတင်းစဉ်)