နေပြည်တော် ၂၀ ဖေဖော်ဝါရီ
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် 4th ASEAN - India Expo and Summit သို့ တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ နယူးဒေလီမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
4th ASEAN-India Expo and Summit ကို အိန္ဒိယနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်၊ ကုန်သွယ်မှုနှင့်စပ်လျဉ်းသည့် နည်းပညာဆိုင်ရာ အတားအဆီးများ ညှိနှိုင်းဖြေရှင်းနိုင်ရန်၊ ဒေသတွင်းကုန်ထုတ်လုပ်မှု တန်ဖိုးကွင်းဆက်ရှိ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပေါင်းစည်းဆက်သွယ်မှုများ မြှင့်တင်ရန်၊ E - commerce နှင့် ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ခြင်းမှတစ်ဆင့် လူမှုဘဝများ တိုးတက်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


