မုံရွာ  ၁၇  ဖေဖော်ဝါရီ 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ ကြီး မုံရွာမြို့၊ ရောင်ခြည်သစ်ပရဟိတမျက်မမြင်ပညာသင်ကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းအုပ်ချုပ်သူ/ အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ အခြေခံပညာ၊ ဂီတပညာ၊ အနှိပ် အကြောပြင်ကျောင်းသားများနှင့် ဝန်ထမ်းများအားရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေး စကားပြောကြားသည်။ ထို့နောက် ကျောင်းသားများ၏ ကွန်ပြူတာသင်ကြားတတ်မြောက် မှု၊ အနှိပ်အကြောပြင် ပြသမှု၊ မျက်မမြင်လက်စမ်းစာ အရေး/အဖတ် တတ်မြောက်မှု၊ ဂီတ ပညာသင်ကျောင်းသားများ၏ အဆို၊ အတီးများဖြင့် တင်ဆက်မှုများကို ကြည့်ရှုအားပေး ခဲ့ကြပြီး အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များထံသို့ ထောက်ပံ့ငွေများကိုပေးအပ်ခဲ့သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုံရွာမြို့၊ မြသလ္လာခန်းမ၌ ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများနှင့် မိခင်ဝိုင်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိမသန်စွမ်းသူများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် မိခင်ဝိုင်းများအား ထောက်ပံ့မှုများလာရောက် ပေးအပ်ခြင်းများအတွက် ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းလူမှုဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု များကိုရှင်းလင်းပြောကြားသည်။

 

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိမသန်စွမ်းသူ (၁၁,၆၉၀)ဦးအတွက် ထောက်ပံ့ငွေကျပ် ( ၃၅၀,၇၀ဝ,ဝ၀ဝ)၊  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်း (၈၈) ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၅၉,၆၀ဝ, ဝ၀ဝ)၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ အမျိုးသမီး ဂေဟာ၊ ဘိုးဘွားရိပ်သာနှင့် ပရဟိတဂေဟာ (၂၀)ခုတို့အတွက် ထောက်ပံ့ငွေကျပ် (၁၁၉,၃၆၄,ဝ၀ဝ)နှင့် မိခင်ဝိုင်း(၅)ဝိုင်းဖွင့် လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် (၃,၅၂၈,၁၀ဝ)တို့ကိုအသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။ ထို့နောက် ကလေးများအားကစားစရာအရုပ်နှင့်အာဟာရပဲနို့များ ပေးဝေခဲ့ကြပြီး အခမ်း အနားသို့ ကိုယ်တိုင်တက်ရောက်လာကြသော မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေ များကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ယင်းနောက် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကြသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မုံရွာမြို့ မူလတန်းကြိုကျောင်း၌ တိုင်းလူငယ်ရေး ရာကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ လူငယ်မူဝါဒရေးဆွဲ အကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီး မဟာဗျူဟာတစ်ရပ် ပေါ်ပေါက်လာရေး  ပြည်နယ်/တိုင်း ဒေသကြီးအလိုက် ကြိုးပမ်းဆောင်ရွက်မှုများ၊ ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များ၊ ကြုံတွေ့ရသော အခကအခဲများကိုပူးပေါင်းအဖြေရှာရန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် အတူညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် လူငယ် စင်တာအဖြစ် အသုံးပြူရန် တိုင်းဒေသကြီးအစိုးရကလျာထားသော နေရာသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။ 

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုံရွာမြို့မှ စစ်ကိုင်းမြို့သို့ ရောက်ရှိကြပြီး စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ရှိရွာထောင်ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား ဂါဝရပြု နှုတ်ဆက်ခဲ့ကြပြီး ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ရာ ဘိုးဘွားများက ပြန်လည်ဆုတောင်း မေတ္တာပို့သခဲ့ကြသည်။

 

ယနေ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ မိခင်ဝိုင်းများ၊ ပရဟိတ အဖွဲ့အစည်းများနှင့် ဘိုးဘွားရိပ်သာတို့အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ( ၅၃၃,၁၉၂, ၁၀ဝ)(ငါးထောင့်သုံးရာသုံးဆယ့်တစ်သိန်းကိုး သောင်းနှစ်ထောင့်တစ်ရာကျပ်)ဖြစ်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)