ရန်ကုန်  နိုဝင်ဘာ  ၂

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့်    ဟိုတယ်နှင့်   ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  Jeng Phang နော်တောင်သည်  အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန    ဒုတိယဝန်ကြီး    ဦးထိန်လင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန် မြို့၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် သေနတ်ပစ်နှင့် မြားပစ်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကိုလိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ သေနတ်ပစ်အားကစားကွင်းသို့သွားရောက်ပြီး   စခန်းဝင်လေ့ကျင့်နေသည့် သေနတ်ပစ်အားကစားသမားများ၏  လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး    အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံရာ  အဖွဲ့ချုပ်ဥက္ကဋ္ဌက  ပြိုင်ပွဲသုံးပစ္စည်းများကို ဝယ်ယူခွင့် ရရှိနိုင်စေရေး ကိစ္စရပ်များနှင့်   အခြားလိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မိမိအနေဖြင့် တာဝန်ရှိသူ များနှင့်အတူ မြန်မာအားကစားအဖွဲ့အောင်မြင်မှု ရရှိစေရေးနှင့်  နိုင်ငံ့ဂုဏ်သိက္ခာမြှင့်တင်ပေးနိုင်ရန် အစွမ်းကုန်နည်းလမ်းပေါင်းစုံဖြင့်  ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အုပ်ချုပ်/ ထောက်ပံ့မှုကိစ္စရပ်များတွင် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်၍ ပြိုင်ပွဲတွင်အဆင့် အတန်းမီစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး အောင်မြင်မှုရရှိအောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက္ကဆံအားကစားကွင်း၌ လေ့ကျင့်လျက်ရှိသည့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်သို့  သွားရောက်ပြီး   မြားပစ်အားကစားနည်းမှ အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံ၍ နည်းစနစ်ပိုင်းမှန်ကန်ပြီး ရမှတ်များ တိကျမှုရှိစေရန်အတွက် စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုရှိအောင်  လေ့ကျင့်ရန် လိုကြောင်း၊  ရမှတ်များ  ပိုမိုကောင်းမွန်စေရန် ဖြတ်ထိုးဉာဏ်သုံးပြီး   အောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးစားသွားရန်လိုကြောင်း၊  စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ ကောင်းမွန်ပြီး ကျန်းမာရေးကောင်းမွန်အောင် အထူးဂရုစိုက်ကြရန်လိုကြောင်း ပြောကြားသည်။

 ဖြည့်ဆည်းဆောင်ရွက်ပေး

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်လွဲပိုင်းတွင် သုဝဏ္ဏအားကစားကွင်းရှိ     အစည်းအဝေးခန်းမ၌       အားကစားနှင့်   ကာယပညာဦးစီးဌာနအားကစားနှင့်ကာယပညာသိပ္ပံကိုယ်စားပြု  ISPE အမျိုးသမီးဘောလုံးအသင်း၏  အုပ်ချုပ်သူ/နည်းပြ များနှင့် အားကစားသမားများအားတွေ့ဆုံ၍   မြန်မာ့အားမာန်၊  အားကစားစိတ်ဓာတ်၊  အားကစားသမား ကောင်းတစ်ယောက်၏  စိတ်ထား၊   အသင်းအဖွဲ့ စိတ်ဓာတ်တို့ဖြင့် အနိုင်ရရှိအောင် ကြိုးစားယှဉ်ပြိုင်ပြီး မိမိအသင်း၏ ဂုဏ်၊ ဌာနဂုဏ်၊ နိုင်ငံ့ဂုဏ်ကိုဆောင် နိုင်အောင် ကြိုးစားယှဉ်ပြိုင်ကစားသွားရန် လိုကြောင်း၊ ပြိုင်ပွဲတိုင်းတွင်  ပြိုင်ဘက်အသင်းကို အနိုင်ရရှိပြီး အောင်မြင်မှုများ ဆွတ်ခူးရရှိအောင် ကိုယ်စွမ်း၊ဉာဏ်စွမ်း ရှိသမျှ   အစွမ်းကုန်ကြိုးစားသွားရန်လိုကြောင်း မှာကြားပြီး  အုပ်ချုပ်သူ/ နည်းပြများနှင့်  အားကစားသမားများက   လိုအပ်ချက်များကို   တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                  

သတင်းစဉ်