နေပြည်တော် ၂၀ ဖေဖော်ဝါရီ
မြန်မာ - တရုတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသော ခရီးသွားကုမ္ပဏီများအနေဖြင့် မိမိနိုင်ငံ၏ ပုံရိပ်နှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိခိုက်မှုမရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ - တရုတ်ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်းအဖွဲ့က လုပ်ငန်းဆောင်ရွက်နေမှုများနှင့် တရုတ်ခရီးသွားလုပ်ငန်းကုမ္ပဏီများမှ ကိုယ်စားလှယ်များက ခရီးသွားလုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ်ပေးသည်။
(သတင်းစဉ်)


