နေပြည်တော် ၁၉ ဖေဖော်ဝါရီ 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ Assistant Director General, Ms. Kundhavi Kadiresan နှင့်အဖွဲ့အား ယနေ့ညနေ ၃ နာရီခွဲတွင် အဆိုပါ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် သစ်တောကဏ္ဍတွင် FAO နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံကိန်းများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များ၊ သစ်တောပြန်လည် ပြုစုပျိုးထောင်ရေး (၁၀) နှစ်စီမံကိန်း အကောင်အထည်ဖော်မှုနှင့် FAO မှ အကူအညီပေးနိုင်မည့် Technical Cooperation Program (TCP)များ၊ ပဲခူးရိုးမ ပြန်လည်စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းနှင့် တွေ့ကြုံရသည့်စိန်ခေါ်မှုများ၊ နည်းလမ်းများ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့် ပတ်သက်၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)