နေပြည်တော်  ၂၄  ဖေဖော်ဝါရီ 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယမန်နေ့နံနက် ပိုင်းတွင် ရန်ကုန် - မန္တလေး အမြန်လမ်း(ရန်ကုန် - နေပြည်တော်အပိုင်း) ပြုပြင်ထိန်းသိမ်းထားရှိမှု၊ မိုင်တိုင်အမှတ်(၁၈၀/ဝ)နှင့် (၁၈၀/၃)အကြားတွင် စက်ယန္တရားများဖြင့် ကတ္တရာကွန် ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။


ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် အမြန်လမ်းမကြီး  ထိန်းသိမ်းပြုပြင်ရေးနှင့်  ကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး(မြို့ပြ)က ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် အရည် အသွေးထိန်းသိမ်းရေးအတွက် ဆောင်ရွက်နေမှု တို့ကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးနှင့် လုပ်ငန်းဆောင်ရွက်နေစဉ် ခရီးသွား ပြည်သူများ ယာဉ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်ရန် မှာကြားပြီး မိုင်တိုင်အမှတ်(၁၇၆/၅)ရှိ AC Plant မှ ကတ္တရာကွန်ကရစ်ထုတ်လုပ်နေမှုနှင့် လုပ်ငန်းခွင်သို့ သယ်ယူပို့ဆောင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ 

 

ထို့နောက် မိုင်တိုင်အမှတ်(၁၆၅/၁)နှင့် (၁၆၅/၃)ကြား အရှည်ပေ ၈၁၀ ရှိ ဆွာချောင်း တံတားလုပ်ငန်းခွင်ရှင်းလင်းဆောင်၌ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃)မှ ညွှန်ကြား ရေးမှူး(မြို့ပြ)က ဆွာချောင်းတံတား ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားပြီး တံတားကမ်းကပ်ခုံ ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ တံတားအောက် ရေတိုက်စား၍ Settlement ဖြစ်သွားသော Pier အမှတ် 5 , 6 နှင့် 7 တို့အား Bored Pile  တူး၍ အားဖြည့်ခြင်း၊ နိမ့်ဆင်းသွားသော ကြမ်းခင်းနှင့် ယက်မများအား ပြန်လည်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

 

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးအား ခရီးသွားပြည်သူများ သွားလာရေးလွယ်ကူ အဆင်ပြေစေရေး၊ ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် လမ်းဦးစီးဌာန အမြန် လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှအပိုင်းလိုက် ကတ္တရာကွန်ကရစ်ခင်း ခြင်း၊ Guard Rail များ တပ်ဆင်ခြင်း၊ လမ်းလယ်ကျွန်း Raised Median ဖြစ်ပေါ်နေသော နေရာများအား Depressed Median သို့ပြောင်း၍ ရေမြောင်းတည်ဆောက်ခြင်းနှင့် သတိပေး ဆိုင်းဘုတ်များတပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် တံတားအထူး အဖွဲ့များက အပိုင်းလိုက်တာဝန်ယူပြီး တံတားကြီးများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ရေတိုက်စားပျက်စီးမှုအား ကာကွယ်ထိန်းသိမ်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း  သိရှိရသည်။

 

(သတင်းစဉ်)
 

 

111 I