နေပြည်တော် ၂၀ ဖေဖော်၀ါရီ 

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E. Ms. Andrea Faulkner အား ယနေ့ ညနေ ၃နာရီ မိနစ် ၂၀ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 

 

ယင်းသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများအပေါ် သြစတြေးလျနိုင်ငံက ဆက်လက်ထောက်ခံကူညီသွားမည့် ကိစ္စရပ်များ၊ ပညာရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နှင်းရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး စသည့်ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ စသည်တို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 


(သတင်းစဉ်)