နေပြည်တော် ဒီဇင်ဘာ ၁၆

 

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီး H.E. Haji Mohamad Sarif Pudin bin Matserudin အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်သမားကဏ္ဍအပါအဝင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်