နေပြည်တော် ၁၆ ဖေဖေါ်ဝါရီ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် ကုန်သွယ်ရေကြောင်းအရာရှိလောင်း ဒီပလိုမာသင်တန်းအမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်မြို့ရှိ အဆိုပါကောလိပ်စစ်ရေးပြကွင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က စံပြအရာရှိလောင်း(ရေ ကြောင်း)နှင့် စာပေထူးချွန်(ရေကြောင်း)ဆုရ အရာရှိလောင်းအောင်ချစ်ကို၊ စံပြအရာရှိလောင်း (အင်ဂျင်နီယာ)ဆုနှင့် စာပေထူးချွန်(အင်ဂျင်နီယာ)ဆုရ အရာရှိလောင်းမင်းခန့်ထွန်းနှင့် အကောင်းဆုံးစစ်ရေးပြဆုရ မိဂဿီတပ်ခွဲ တို့အား ဆုများပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး အရာရှိလောင်း တပ်ခွဲများက စစ်ကြောင်းပုံပြု ချီတက်အလေးပြုကြသည်။
ကုန်သွယ်ရေကြောင်း ဒီပလိုမာသင်တန်းအမှတ်စဉ်(၁၁)၌ ဒီပလိုမာလက်မှတ်ရ ရေ ကြောင်းအရာရှိလောင်း ၅၆ ဦးနှင့် ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်း ၅၀ တို့ သင်တန်း တက်ရောက်အောင်မြင်ပြီး သင်တန်းများ စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၆၃ ခုနှစ်မှ ယနေ့အချိန် အထိ ရေကြောင်းအရာရှိလောင်း ၂၇၁၆ ဦးနှင့် ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်း ၂၆၆၅ ဦးအား လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)


