နေပြည်တော် ၂၆ ဖေဖော်ဝါရီ  

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ Liaison Officer, Mr. Rory Mungoven နှင့်အဖွဲ့အား ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အနေဖြင့် အဓမ္မခိုင်းစေမှု ပပျောက်ရေး လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ သင့်တော်ကောင်းမွန်သော အလုပ်အကိုင်ဌာန အစီအစဉ်အောက်တွင် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုပပျောက်ရေး တိုင်ကြားမှုယန္တရား အမြန်ဆုံးထူထောင်နိုင်ရေးနှင့် အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ဆွေးနွေးဆောင်ရွက်မှုများကို ဆွေးနွေးကြသည်။ 

 

(သတင်းစဉ်)