ဒီးမော့ဆို ၂၂ ဖေဖော်ဝါရီ    
 

ထိုင်း-မြန်မာနယ်စပ်ဂိတ် BP-13 မှ ပြည်တွင်းနေရပ်သို့ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက် လာသည့် တိုင်းရင်းသားပြည်သူ ၂၄ ဦးအား ဖေဖော်ဝါရီ ၂၁ ရက်တွင် အခြေချနေထိုင်လိုသည့် ကျေးရွာများသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

123


အဆိုပါ ဆောင်ရွက်ပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှထွေးနှင့် မြို့နယ်အဆင့် ပြန်လည်ထူထောင်ရေးကော်မတီတို့က မိမိဆန္ဒအလျောက် ပြန်လည် ဝင်ရောက်လာသူများမှ ဒီးမော့ဆိုမြို့နယ်အတွင်း အခြေချနေထိုင်လိုသည့် ကျေးရွာများတွင် အဆင်ပြေစေရန်အတွက် မြေနေရာ ရရှိအောင် စီစဉ်ပေးခြင်းနှင့် အိမ်အရောက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း လုပ်ငန်းများကို သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

123


ဒီးမော့ဆိုမြို့နယ်အတွင်း မိမိနေရပ်သို့ ပြန်လည်အခြေချနေထိုင်သူများမှာ ပန်ပက်ကျေးရွာအုပ်စု အတွင်းမှ မိသားစု (၃)စု၊ ငွေတောင်ကျေးရွာအုပ်စုမှ မိသားစု (၁)စုနှင့် ဆောင်ဒူရွာသစ်ကျေးရွာအုပ်စုမှ မိသားစု (၁) စုစုပေါင်း မိသားစု (၅)စု လူဦးရေစုစုပေါင်း (၂၄)ဦး ရှိကြောင်း သိရသည်။


တောရယ်

 

123