နေပြည်တော် ဒီဇင်ဘာ ၁၂

တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို အားသစ်လောင်းမည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

တက်ရောက်

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူ ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ခေတ္တကျောင်းအုပ်ကြီးနှင့် မှော်ဘီတပ်နယ်မှတာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင်က ကျောင်း ဆင်းဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်း တပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် ကျောင်းဆင်း ဗိုလ်လောင်းတပ်ခွဲက နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် အား အနှေးလျှောက်၊အမြန်လျှောက်ဖြင့် ချီတက်အလေးပြုသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂)မှ အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း ဆွေဇင်ဖြိုးဝေ အား အကောင်းဆုံး ဗိုလ်လောင်းဆု ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရာ၌ အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းရွက်စေ နိုင်ရန်အတွက် အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များအား လေ့ကျင့် သင်ကြားမွေးထုတ်ပေးရန်” ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းသင်တန်း ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အမှတ်စဉ်(၁၂)အထိ လေ့ကျင့်သင်ကြား မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း။

မြန်မာအမျိုးသမီးများသည် နယ်ချဲ့ဗြိတိသျှ အုပ်စိုးစဉ်ကာလ ကတည်းက အမျိုးသားများနည်း တူ ဇာတိသွေး၊ ဇာတိမာန် ထက်သန်သူများ ဖြစ်ခဲ့ကြကြောင်း၊ လွတ်လပ်ရေးကြိုးပမ်း မှုကာလအတွင်း၌လည်း အမျိုးသားရေးတာဝန်ဖြစ်သည့် လွတ်လပ်ရေး ရရှိရန်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ထမ်းရွက်ခဲ့ကြသည့် သမိုင်းမှတ်တမ်းကောင်းများ အထင်အရှားရှိခဲ့ကြောင်း၊ မြန်မာအမျိုးသမီးများသည် ရှေးယခင်ကတည်းက လက်ရုံးတပ်ဖွဲ့၊ ကယ်ဆယ်ရေးတပ်ဖွဲ့နှင့် ၁၉၅၄ ခုနှစ်တွင် ဖွဲ့စည်းသည့် စစ်ဝန်ထမ်းတပ်ဖွဲ့များတွင် မိမိဆန္ဒ အလျောက်ဝင်ရောက်ပြီး နိုင်ငံတော်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ကျရာအခန်း ကဏ္ဍမှ တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့ကြသည်ကို ဂုဏ်ယူစွာတွေ့မြင်ရမည်ပင်ဖြစ် ကြောင်း၊ ယနေ့အချိန်တွင်လည်း မြန်မာအမျိုးသမီးများသည် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးနယ်ပယ်များ အထိပါ အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး တိုင်းကျိုးပြည်ပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကိုလည်း တွေ့မြင် နိုင်မည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့်လည်း အမျိုးသမီးတပ်ဖွဲ့ဝင်များကို နိုင်ငံတော်ကာကွယ်ရေး တာဝန်များ တွင် အမျိုးသားစစ်သည်များနှင့် တန်းတူပါဝင် ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)ကို ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်မွေးထုတ် ပေးလျက်ရှိခြင်းကြောင့် ယခုအခါ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့များတွင် အမျိုးသမီး အရာရှိ ၉၀၀ ကျော် တာဝန်ထမ်းဆောင်နေကြပြီး အချို့အမျိုးသမီး တပ်ဖွဲ့ဝင်များသည် ကြမ်းတမ်း ခက်ခဲသည့် အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး) တာဝန်၊ စစ်ရေယာဉ်များပေါ်တွင် လိုက်ပါပြီး ပိုင်နက် ရေပြင်ကာကွယ်ရေး တာဝန်၊ အမျိုးသမီး လေသူရဲပျံသန်းရေး တာဝန်၊ လေထီးစစ်သမီးတာဝန်များနှင့် နယ်လှည့်ဆေးကုသရေး တာဝန်များကို ရဲဝံ့ပြောင်မြောက်စွာ ထမ်းဆောင်နေကြသည့်အပြင် နိုင်ငံပေါင်းစုံပါဝင်သည့် ပူးပေါင်းလေ့ကျင့်ခန်းများနှင့် တပ်မတော်အဆင့် အားကစားပြိုင်ပွဲများတွင်လည်း ဆုတံဆိပ်များဆွတ်ခူး ရရှိသည်အထိ စွမ်း‌ဆောင်နိုင်ခဲ့ကြသည်ကိုလည်း တွေ့မြင်ရမည် ဖြစ်ကြောင်း။

ထိုသို့ စွမ်းဆောင်နိုင်ခြင်းသည် နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင်ခြင်း ဖြစ်သကဲ့သို့ တစ်နည်းအားဖြင့် မြန်မာအမျိုးသမီးများ၏ ကိုယ်ရည်ကိုယ်သွေး မနိမ့် ကြောင်းပြသနိုင်ခဲ့ခြင်းလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းဆင်း အမျိုးသမီးအရာရှိများအနေဖြင့်လည်း ဆိုင်ရာတာဝန်များ ထမ်းဆောင်ရာတွင် နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် အမျိုးသမီး အရာရှိကောင်းများ ဖြစ်အောင် ဆက်လက်လေ့ကျင့် ကြိုးပမ်းအားထုတ်သွားကြရန် လိုသည်ကို မှာကြားလိုကြောင်း။

တပ်မတော်တစ်ရပ် အရည်အချင်းပြည့်ဝရန်အတွက် လေ့ကျင့်ရေးသည် မရှိမဖြစ် လိုအပ်သည့် အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ အရေးအကြီးဆုံးလုပ်ငန်း တာဝန်လည်း ဖြစ်ကြောင်း၊ သင်တန်းကျောင်းက လေ့ကျင့်သင်ကြားပေးလိုက်သည့် အတတ်ပညာများကို လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် မူဝါဒအတိုင်း ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာပြီး ပိုမိုကျွမ်းကျင်လာအောင် အမြဲလေ့ကျင့်နေရမည့်အပြင် ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကိုလည်း အမြဲလိုက်နာကျင့်သုံးနေကြရမည်ဖြစ်ကြောင်း၊ ထိုသို့ လေ့ကျင့်သား ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရေး တစ်ဦးချင်းအနေဖြင့်ကျန်းမာကြံ့ခိုင်နေရမည် ဖြစ်သည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှုရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် တာဝန်ထမ်းဆောင်မည့်နေရာ အသီးသီး ရောက်သည့်အခါ လေ့ကျင့်သား ပြည့်ဝနေရန်အတွက် “ကျန်းမာအောင်နေ၊ သန်စွမ်းအောင်လေ့ကျင့်” ဆိုသည့်အတိုင်း ကိုယ်စီ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

စည်းကမ်းမကောင်းပါက မည်သည့်အဖွဲ့အစည်းမျှ ရေရှည်တည်တံ့နိုင်စွမ်း မရှိဘူးဆိုသည်ကိုအတိတ်သမိုင်းများကို ပြန်ကြည့်မည်ဆိုပါက သိရှိနိုင်ကြောင်း၊ မြန်မာ့သမိုင်းတွင်လည်း စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ရသည့် သမိုင်းသာဓကများ ရှိခဲ့ကြောင်း၊ မိမိတို့ တပ်မတော်သားများသည် စည်းကမ်းလိုက်နာမှုနှင့် အမိန့်နာခံတတ်မှုများကို ခါးဝတ်ပုဆိုးပမာ မြဲမြံခိုင်ခံ့နေရမည်ဖြစ်ပြီး စစ်သည်တော်ကျင့်ဝတ် အပါး ၆၀ နှင့်အညီ နေထိုင် ကျင့်ကြံသွားကြရမည် ဖြစ်ကြောင်း၊ ကျောင်းဆင်းအမျိုးသမီး အရာရှိများအနေဖြင့်လည်း အမိန့် နာခံမှုနှင့်စိတ်ဓာတ်စည်းကမ်း ကောင်းမွန်သည့် ခေါင်းဆောင်ကောင်းများဖြစ်ရန် လိုအပ်သည့် အတွက် ခေါင်းဆောင်မှုနှင့် ပတ်သက်ပြီး အနည်းငယ် မှာကြားလိုကြောင်း၊

တပ်မတော်တွင် ပြဋ္ဌာန်းထားသည့် ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ချက်အတိုင်း အမှန်တကယ် လိုက်နာကျင့်သုံးမည်ဆိုပါက အထက်အောက် ယုံကြည်အားထားရသည့် ခေါင်းဆောင် ကောင်းများ ဖြစ်လာကြမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ကိုရောက်သည့်အခါ သင်တန်းကျောင်းတွင် သင်ယူခဲ့ရသည့် ခေါင်းဆောင်မှု ပညာရပ်များကို လက်တွေ့အခြေ အနေနှင့်ယှဉ်ပြီး လက်အောက်ငယ်သားများအပေါ်တွင် မိဘကောင်းသဖွယ် စိတ်ဓာတ်ဖြင့် တပ်မှူးကောင်းသဖွယ် စိတ်ဓာတ်မျိုးမွေးမြူပြီး ကျောသားရင်သား မခွဲခြားဘဲ ကွပ်ကဲကြီးကြပ်သွားကြရန် လိုအပ်ကြောင်း။

ထို့ပြင် အထက်က ယုံကြည်စိတ်ချမှုနှင့် လက်အောက်ငယ်သားများ၏ ရိုသေလေးစားမှု၊ ယုံကြည်ကိုးစားမှု၊ သစ္စာရှိစွာ ပူးပေါင်းဆောင်ရွက်မှုများကို ရယူနိုင်အောင် ကြိုးပမ်းကြရန် လိုသကဲ့သို့ ကိုယ်တိုင်ကလည်း ရှေ့ဆောင်လမ်းပြနေရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ကျောင်းဆင်း အမျိုးသမီးအရာရှိများအနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် ခေါင်းဆောင်မှုအင်္ဂါရပ်များကို တိတိကျကျလိုက်နာကျင့်ကြံပြီး ထူးချွန်ထက်မြက်သည့် ခေါင်း ဆောင်ကောင်းများ ဖြစ်လာအောင် အစဉ်ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးထားမှာကြား လိုကြောင်း။

လက်ရှိကာလ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပေါ်နေသည့် အခြေအနေအရပ် ရပ်ကို ကြည့်မည်ဆိုပါက နိုင်ငံအတွင်း၌ နေထိုင်ကြသည့် နိုင်ငံသူ နိုင်ငံသားအားလုံး၏ စည်းလုံး ညီညွတ်မှု၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်မှုတို့ကို မဖြစ်မနေတည်ဆောက် ထားရန် လိုအပ်သည်ကို တွေ့ရှိရမည်ပင်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်ခြင်းသည် နိုင်ငံတော် အင်အားကို တောင့်တင်းခိုင်မာစေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ့အကျိုးစီးပွားကိုလည်း ဖြစ်ထွန်း စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသောစကားနှင့်အညီ တိုင်းပြည်ကို ပြည်တွင်း အင်အားဖြင့်သာ တည်ဆောက်ကြရမည်ကို ပြောကြားလိုကြောင်း။

တပ်မတော်၏ အဓိကလုပ်ငန်းကြီး(၃)ခုမှာ “ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်” ဆိုသည့်အချက် ကို ဖော်ပြထားခြင်းကြောင့် ယင်းအချက်ကို လက်တွေ့ ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူလူထုကို စည်းရုံးပြီးသားဖြစ်စေကြောင်း၊ ထို့ကြောင့် ကျောင်းဆင်း အမျိုးသမီးအရာရှိများအနေဖြင့် “တပ်နှင့်ပြည်သူ မြဲကြည်ဖြူ၊ ဘယ်သူခွဲခွဲတို့မကွဲ အမြဲစည်း လုံးမည်” ဆိုသည့် အချက်ကို ကောင်းစွာနားလည် သဘောပေါက်ပြီး ကျစ်လျစ်ခိုင်မာသည့် တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးကို ဆက်လက်တည်ဆောက်ကြရမည်ဖြစ်သည်ကို တိုက်တွန်း ပြောကြားလိုကြောင်း။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာ တိုင်းပြည်တစ်ပြည်အတွက် မရှိမဖြစ်လိုအပ်သည့် ဥပဒေဖြစ်ပြီး နိုင်ငံတစ်နိုင်ငံကို မည်သည့်ဝါဒဖြင့် အုပ်ချုပ်မည်၊ မည်သည့်စနစ်ဖြင့် မောင်းနှင်မည်၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့် ဥပဒေပြုရေး အာဏာကို မည်သို့မည်ပုံခွဲဝေ ပိုင်းခြားမည်ဆိုသည်ကို ပြဋ္ဌာန်းသတ်မှတ်ပေးရခြင်း ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့ အတွက် အုပ်ချုပ်ရေးအာဏာများ ခွဲဝေထားရှိပြီးဖြစ်သကဲ့သို့ နိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအကြား အာမခံချက်ပေးထားသည့် ဥပဒေလည်းဖြစ်ကြောင်း၊ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံအတည်ပြုမှုဖြင့် ပေါ်ထွန်းလာခြင်းဖြစ်သဖြင့် ပြည်သူတစ်ရပ်လုံးက လေးစားလိုက်နာရမည် ဖြစ်သကဲ့သို့ ပြည်သူထဲက ပေါက်ဖွားလာသည့် မိမိတို့တပ်မတော်သားများအနေဖြင့်လည်း ကာကွယ်စောင့်ရှောက်သွားရန် အဓိကတာဝန်ရှိသည်ကိုလည်း ပြောကြားလိုကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း(၁)၊ ပုဒ်မ ၂၀၊ ပုဒ်မခွဲ(စ)တွင် “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်” ဟု အတိ အလင်းပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပြဋ္ဌာန်းချက်နှင့်အညီ မိမိတို့ တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက် လျက်ရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိက အကျဆုံးဖြစ်သည့် တပ်မတော် အနေဖြင့် ဆောင်ရွက်နေသမျှ အရာအားလုံးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လျှောက် လှမ်းနေခြင်းဖြစ်ပြီး ဥပဒေကို ကျော်လွန်ဆောင်ရွက်ခြင်းမျိုး မရှိသည်ကိုလည်း ကျောင်းဆင်း အမျိုးသမီးအရာရှိများအနေဖြင့် နားလည်ထားကြရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် မိမိနိုင်ငံ၊ မိမိ လူမျိုး၊ မိမိတို့၏ လူမှုအသိုက် အဝန်း၊ အဖွဲ့အစည်းများတွင် ကြုံတွေ့နေရသည့် ပြဿနာများ ကို လက်တွေ့ကျကျ ပြေလည်နိုင် စေရန် ကမ္ဘာ့နိုင်ငံများနည်းတူ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု၏ အနှစ်သာရများ အတိုင်း ပြည်သူ့ဆန္ဒနှင့်အညီ ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်သည်ကို ပြောကြားလိုကြောင်း။

၁၉၈၈ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရပြီးနောက် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ကို ပြည်သူလူထု၏ သဘောဆန္ဒနှင့်အညီ ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမို ကရေစီလမ်းကြောင်းကို စတင်လျှောက်လှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်း ကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိနေကြောင်း၊ ထိုသို့ဆောင်ရွက် သည့်နေရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ရောက်ရှိလာစေရန် ၂၀၁၀ ပြည့်နှစ် ပထမဒီမိုကရေစီအစိုးရ သက်တမ်းတွင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ် ရေးထိုးခဲ့ကြောင်း။

ငြိမ်းချမ်းရေးနှင့်ဆိုင်သည့် တွေ့ဆုံဆွေးနွေးမှုတိုင်းတွင်လည်း NCA နှင့်ပတ်သက်ပြီး အလေး အနက်ထား ပြောကြားခဲ့ခြင်းသည် NCA စာချုပ်သည် နိုင်ငံအတွက် အရေးတကြီး လိုအပ်နေ သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိက လုပ်ဆောင်ရမည့်အချက် ဖြစ်နေ ရန်ပင်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်းကို အကြိမ် ပေါင်းများစွာ ထုတ်ပြန်ကြေညာခဲ့သကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဖြစ်သည့် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန် ဖိတ်ခေါ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ သို့သော် NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO)အချို့သည် NCA ပါ ကတိကဝတ်များကို လိုက်နာမှုမရှိဘဲ သိသိသာသာ ချိုးဖောက်နေကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ပြင်ပမှသွေးထိုးမှုများကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ရောက်ရှိလာခဲ့ခြင်း မရှိသည်ကိုလည်း တွေ့ရှိရကြောင်း၊ လက်နက် ကိုင် ပဋိပက္ခများကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ကဏ္ဍများတွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်း ကြရန် အချိန်တန်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီအနေဖြင့် “ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်” ဆိုသည့် ထုတ်ပြန်ချက်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်ပေးခဲ့ကြောင်း၊ ဒါဟာ တစ်နိုင်ငံတည်းသားချင်းဆိုသည့်စိတ်ဖြင့် အပြုသဘောဆောင်ပြီး စိတ်ရှည်သည်းခံစွာ အခွင့်အရေးပေးသည့် တပ်မတော်၏ သဘောထားကြီးမှုကိုဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ သို့သော်လည်း ဥပဒေနှင့်မညီသည့် လက်နက်ကိုင် အကြမ်းဖက်သမားများ၏ တောင်းဆိုမှုများအပေါ် လိုက်လျော ဖြေလျှော့ပေးသွားမည် မဟုတ်ခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် ကာလအတွင်း၌လည်း ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် အမြဲတမ်းစစ်ရေး အသိ၊ စစ်ရေးသတိ ရှိနေကြရန်လိုသည်ကို တိုက်တွန်းမှာကြားလိုကြောင်း။

ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ အောင်မြင်သည့် ရွေးကောက်ပွဲ ဖြစ်စေရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပရာတွင်လည်း လွတ်လပ် ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန်အတွက် မဲစာရင်းများ မှန်ကန်တိကျရေးသည်လည်း အလွန်အရေးကြီးကြောင်း၊ မဲစာရင်း များ မှန်ကန်မှုရှိစေရန် ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ စာရင်း ကောက်ယူခဲ့ခြင်းကလည်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်လူဦးရေ ကိန်းဂဏန်းများ ပြည့်စုံမှန်ကန်စေရေးကိုလည်း အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုအောင် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့သကဲ့သို့ မဲဆန္ဒနယ်များအလိုက် အချက်အလက်များ ကောက်ယူခြင်းနှင့် နယ်မြေများအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များ ရယူခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း။

မိမိတို့အနေဖြင့် ယခင်ကြုံတွေ့ခဲ့ရသည့် ရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဉ် ဖြစ်ရပ်များကို သင်ခန်းစာယူပြီး လာမည့်ရွေးကောက်ပွဲတွင် မဲမသမာမှုများ မဖြစ်စေရန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှုမရှိစေရန်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine - MEVM)ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါ စက်များသည် မဲမသမာမှုပြုလုပ်၍ မရသည်ကို ပြောကြားလိုကြောင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ကြမည့် နိုင်ငံရေးပါတီဝင်များ၊ ကိုယ်စား လှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးစဉ်ကာလမှ မဲပေးသည့်ကာလအထိ လုံခြုံစွာလုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အကာအကွယ်ပေးမှုများကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ယခုကျင်းပမည့် ရွေးကောက်ပွဲကြီးတွင် ဥပဒေနှင့်အညီ မဲပေးခွင့်ရှိသူ ကျောင်းဆင်းအမျိုးသမီး အရာရှိများ အပါအဝင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး လွတ်လပ်စွာ ဆန္ဒမဲပေးခြင်းဖြင့် ဒီမိုကရေစီစနစ်ကိုအခြေခံသည့် ပြည်ထောင်စု နိုင်ငံတော်ဆီ လျှောက်လှမ်းကြရန် ပြောကြားလိုကြောင်း။

မိမိတို့တပ်မတော်တွင် ထူးချွန် ပြောင်မြောက်သည့် အမျိုးသမီး စစ်မှုထမ်းများစွာ ပေါ်ပေါက်ခဲ့ပြီး ရာထူးအမျိုးမျိုးဖြင့် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြသကဲ့သို့ ပေးအပ်လာမည့် တာဝန်များကို နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ကျေပွန်အောင် ကြိုးပမ်းထမ်းဆောင်သွားကြရန်၊ စစ်စည်းကမ်းကို တိကျစွာလိုက်နာပြီး အမိန့်နာခံမှုအားကောင်းသည့် အထက်အောက် ယုံကြည်ကိုးစား ရသူများဖြစ်အောင် ကြိုးပမ်းသွား ကြရန်၊ ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့်အညီ ကြိုးစားနေထိုင်ကြကာ ပေးအပ်လာသည့် ရည်မှန်းချက် တာဝန်များအပေါ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ကြ ပြီး တပ်မတော်၏ဂုဏ်ကို ဆောင်နိုင်သည့် အရာရှိများဖြစ်အောင် ကြိုးပမ်းကြရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အနှစ်သာရ၊ ပြည်တွင်း တည်ငြိမ်အေးချမ်းခြင်း၏ တန်ဖိုးများကို ကိုယ်တိုင် နားလည်သိရှိပြီး နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် အမျိုးသမီး အရာရှိကောင်းများ ဖြစ်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြ အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင်သည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကျောင်း ဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသူများဖြစ်သည့် အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း ဆွေဇင်ဖြိုးဝေ၊ သေနတ်ပစ် အကောင်းဆုံးဆုရ ဗိုလ်လောင်း သင်းကြူလှိုင်၊ စစ်ရေးပြအကောင်း ဆုံးဆုရ ဗိုလ်လောင်း ယဉ်မင်းသန့် နှင့် ကြံ့ခိုင်ရေး အကောင်းဆုံးဆုရ ဗိုလ်လောင်း ခင်မြင့်မိုရ်ထွန်းတို့ နှင့် ၎င်းတို့၏ မိဘဆွေမျိုးများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများ ရရှိခဲ့ကြသဖြင့် မိဘများနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် သင်တန်းကာလတစ်လျှောက် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုနှင့် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်တတ်သည့် အခြေခံ ကောင်းများကိုလည်း ဘဝတစ်လျှောက်လုံး ဆက်လက်ထိန်း သိမ်းသွားကြရန် လိုကြောင်း၊ လူတိုင်းတွင် ဘဝရည်မှန်းချက်၊ မျှော်မှန်းချက်များရှိကြပြီး အဆိုပါ ရည်မှန်းချက်၊ မျှော်မှန်းချက်များ မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ လွတ်လပ်ရေး ကြိုးပမ်းမှုမှစ၍ နယ်ပယ်အသီးသီးတွင် အမျိုး သမီးများသည်လည်း အမျိုးသား များနှင့်တန်းတူ ပါဝင်အားဖြည့် လျက်ရှိသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း၊

ကြိုးပမ်းဆောင်ရွက်

ငယ်စဉ်ကလေးဘဝမှ ယခုအချိန်အထိ ကျွေးမွေးစောင့်ရှောက် ထိန်းသိမ်းသွန်သင်ပေးခဲ့သည့် မိဘဆရာသမားများ၏ ကျေးဇူးကို မမေ့ရန်နှင့် မိသားစုက ဂုဏ်ယူရသည့်၊ နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် တပ်မတော် အရာရှိကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် လိုကြောင်း၊ ထူးချွန်ဆုများရရှိပြီး သင်တန်းဆင်းခဲ့ကြသူများဖြစ် သဖြင့် မိမိတို့တွင်ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်း၍ မိမိဘဝတိုးတက်အောင်၊ မိမိရည်မှန်းချက်များ မပျောက်ပျက်ရအောင် စဉ်ဆက်မပြတ် ဆက်လက်ကြိုးစားအားထုတ်သွားရန်လိုကြောင်း၊ မိမိတို့ဘဝ တိုးတက်လမ်းကို အထောက် အပံ့ကောင်းများ ဖြစ်စေနိုင်မည့် စာပေပညာသင်ယူခြင်း၊ စာကောင်းပေမွန်များကို ဖတ်မှတ် လေ့လာခြင်း၊ အခြားသူများသို့ မျှဝေပေးခြင်းများကိုလည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရှေ့ဆက်လက် လျှောက်လှမ်းရမည့် ဘဝခရီးလမ်းတွင်လည်း မိမိကိုယ်ကို တန်ဖိုးထား၍ ထိန်းထိန်းသိမ်းသိမ်းနေထိုင်ပြီး မိမိတို့တာဝန်ကျသည့် မည်သည့်နယ်ပယ်တွင်မဆို တိုင်းပြည် ကောင်းရာကောင်းကျိုးကို အကျိုးပြုနိုင်သူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်