ပန်းတောင်း နိုဝင်ဘာ ၂၃

 

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများ မီးဘေးအန္တရာယ်ကြိုတင် တားဆီးကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော် ဦးဆောင်၍ မြို့နယ်မီးသတ်စခန်းတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက ဥသျှစ်ပင်မြို့ ရတနာပုံရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းတွင် မီးငြှိမ်းသတ်နည်းဟောပြာပွဲနှင့် သရုပ်ပြလေ့ကျင့်​ခြင်းများဆောင်ရွက်သည်။

 

ဦးစွာ ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးကျော်ကျော်က မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ်မီးသတ်စခန်းတပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးကို အသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ဆီမီးလောင်မှုကို ဖုံးအုပ်ငြှိမ်းသတ်နည်း၊ ဂက်စ်မီးလောင်မှုကို ငြှိမ်းသတ်နည်းများ၊ မီးသတ်ပိုက် အသုံးပြု၍ ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ ၁၅၀ အား လက်တွေ့လေ့ကျင့်သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)