ပန်းတနော် ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ဦးစွာ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာထွေးက အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျောင်းသား ကျောင်းသူများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြသည်။ ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက သိလိုသည်များကို ပြန်လည်ဆွေးနွေးကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


