ပျဉ်းမနား ဒီဇင်ဘာ ၁၁

 

ပျဉ်းမနားမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Royal Express အလုပ်ဌာနမှ အာမခံအလုပ်သမား ဦးဝေဟန်လင်းသည် မန္တလေးငလျင်ကြောင့် အလုပ်တွင် ထိခိုက်ဒဏ်ရာရရှိသည့်အတွက် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံး၌ ကျင်းပသည်။

 

အခမ်းအနားတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြပိုက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ၊ နည်းဥပဒေပါ အကျိုးခံစားခွင့်များကို ရှင်းလင်းပြောကြားပြီး ၂၈-၃-၂၀၂၅ ရက်တွင် လှုပ်ခတ်သွားသည့် မန္တလေးငလျင်ကြောင့် အလုပ်တွင် ထိခိုက်ဒဏ်ရာရှိခဲ့သည့်အတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၉၅၂၅၆၀၀ ကို အာမခံ အလုပ်သမား ဦးဝေဟန်လင်း ထံသို့ ရုံးခွဲတာဝန်ခံ၊ နယ်မြေတာဝန်ခံ၊ အလုပ်ဌာနတာဝန်ရှိသူများနှင့် မိသားစုများ၏ရှေ့တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကြေးမုံ