ပို့မော်ရက်စ်ဘီ ၂၉ ဇွန် 

 

ပါပူဝါနယူးဂီနီနိုင်ငံ၏ ကျွန်းစုအစွန် အဖျားရှိ မီးတောင်တစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် ထောင်ပေါင်း များစွာသော ဒေသခံများအား နေရာ ရွှေ့ပြောင်းပေးမှုတွင် အကူအညီပေးရန် တပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့ကြောင်း ပါပူဝါနယူးဂီနီနိုင်ငံ ဝန်ကြီးချုပ်က ဇွန် ၂၈ ရက်တွင် ပြောကြားသည်။ ယင်းမီးတောင်ပေါက်ကွဲမှုသည် ပါပူဝါနယူးဂီနီနိုင်ငံတွင် ဒုတိယမြောက် မီးတောင်ပေါက်ကွဲမှု ဖြစ်သည်။

 

အရေးပေါ်အခြေအနေကြေညာ

 

ကမ္ဘာပေါ်တွင် ဘေးအ္တရာယ် အကြီးမားဆုံး မီးတောင်များထဲတွင် တစ်ခုအဖြစ်ပါဝင်သည့် အူလာဝန် မီးတောင်မှ ချော်ရည်ပူများနှင့်ပြာများ စီးထွက်မှုကြောင့် ဒေသခံပြည်သူ ၇၀ဝဝ မှ ၁၃၀ဝဝ ကြားကို ဘေးကင်း သောနေရာများသို့ ရွှေ့ပြောင်းပေးထား ရဖွယ်ရှိပြီး နိုင်ငံ၏ အရေးပေါ်အခြေ အနေအဖြစ် ကြေညာထားသည်။

 

မီးတောင်ပေါက်ကွဲမှု အခြေ အနေကိုသုံးသပ်ပြီး ယင်းဒေသကို စစ်ဘက်မှ တပ်ဖွဲ့ဝင်များကို စေလွှတ် သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့အနေ ဖြင့် မြေပြင်တွင် အကူအညီပေးရေး အတွက် အထောက်အကူဖြစ်စေရန် စစ်ဘက်တပ်ဖွဲ့များကို စေလွှတ်သွား မည်ဟု ပါပူဝါနယူးဂီနီ ဝန်ကြီးချုပ် ဂျိမ်းစ်မာရာပီက ပြောကြားသည်။

 

နေအိမ်များ ပျက်စီး

 

ဒေသခံပြည်သူ ၁၃၀ဝဝ ကျော် ကို နေရာရွှေ့ပြောင်းပေးထားပြီး ဖြစ်ကြောင်းနှင့် ယင်းတို့ထဲမှ လူဦးရေ ၁၀ဝဝ ခန့်မှာ ၎င်းတို့နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံ လွှတ်တော်အမတ် ဂျိုးဇက်လီလန်းက ပြောကြားသည်။

 

မိမိတို့ လတ်တလော ဆောင်ရွက်ရမည့်လုပ်ငန်းမှာ မီးတောင် ပေါက်ကွဲမှုဒဏ် သက်ရောက်ခဲ့သည့် ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ရေးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ဇွန် ၂၈ ရက် အစောပိုင်းတွင် အူလာဝန်မီးတောင်တွင် အသေးစား ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပေါ်ခဲ့ကြောင်း ရာဘောရှိ မီးတောင်စောင့်ကြည့်ရေး စခန်းမှ တိုင်းတာရေးပညာရှင် စတီ ဗင်ဆန်းဒါးက အတည်ပြုပြောကြား ခဲ့သည်။ သို့သော် ယင်းပေါက်ကွဲမှုများသည် အင်အားပြင်းထန်ခြင်းမရှိဘဲ မီးတောင်လှုပ်ရှားမှုများမှာ လျော့ပါး သွားကြောင်း ၎င်းက ပြောကြားသည်။

 

အေအက်ဖ်ပီ