ပရီမီယာလိဂ်ပွဲစဉ် (၁) အဖြစ် ဩဂုတ် ၁၆ ရက် ည ၁၁ နာရီက ယှဉ်ပြိုင်ကစားခဲ့သည့် ဝုဖ်နှင့် မန်စီးတီးအသင်းပွဲစဉ်တွင် မန်စီးတီးအသင်းက တိုက်စစ်ခြေစွမ်းပြကာ လေးဂိုးပြတ် အနိုင်ရရှိခဲ့သည်။ 

အဆိုပါပွဲစဉ်တွင်    မန်စီးတီးအသင်းတိုက်စစ်ကစားသမား  ဟာလန်း အထူး ခြေစွမ်းပြသနိုင်ခဲ့ပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ ဝုဖ်အသင်းသည် အိမ်ကွင်းတွင် လက်ခံကစားရသော်လည်း မန်စီးတီး အသင်း၏ ဖိအားပေးတိုက်စစ်ဆင်မှုများကိုသာ ပွဲချိန်အများစု ခုခံကာကွယ်ခဲ့ရသည်။ မန်စီးတီး အသင်းအတွက် သွင်းဂိုးများကို ဟာလန်း၊ ရွိုင်ဂျင်ဒါစ်နှင့် ချာကီတို့က သွင်းယူပေးခဲ့သည်။

အခြားပွဲစဉ်ရလဒ်များတွင် ဆန်းဒါးလန်းက ဝက်စ်ဟမ်းကို သုံးဂိုး-ဂိုးမရှိ၊ စပါးက ဘန်‌လေကို သုံးဂိုး-ဂိုးမရှိ၊ နော်တင်ဟမ်ဖောရက်စ်က ဘရန့်ဖို့ဒ်ကို သုံးဂိုး-တစ်ဂိုးဖြင့်  နိုင်ပွဲရရှိခဲ့သည်။ အက်စ်တွန်ဗီလာ နှင့် နယူးကာဆယ်အသင်းပွဲစဉ်တွင် ဂိုးမရှိ သရေကျခဲ့သည်။ ထို့အပြင် ဘရိုက်တန်နှင့် ဖူလ်ဟမ်အသင်းပွဲစဉ်တွင် တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့သလို ချယ်ဆီးနှင့် ခရစ္စတယ်ပဲလေ့စ် အသင်းပွဲစဉ်တွင်လည်း    ဂိုးမရှိ သရေကျခဲ့သည်။

မိုးဇက် - စုစည်းရေးသားသည်