ညောင်ဦး ၂၁ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရန်နှင့် စွန့်ပစ်ပလပ်စတစ်အမှိုက် ကင်းမဲ့ဇုန်အဖြစ် ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဦးဆောင်မှုဖြင့် အပတ်စဉ် စနေနေ့တိုင်း Plastic Campaign စုပေါင်းအမှိုက်ကောက်ယူ ရှင်းလင်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးမြို့ပေါ်ရှိ ဒေသခံပြည်သူများထံမှ သိရသည်။
အဆိုပါ Plastic Campaign စုပေါင်းအမှိုက်ကောက်ယူ ရှင်းလင်းခြင်းလုပ်ငန်းကို ဧပြီ ၂၀ ရက် (စနေနေ့) နံနက်ပိုင်းက ညောင်ဦးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်ဇော် ဦးဆောင်မှုဖြင့် ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ပုဂံခရီးသွား ဧည့်လမ်းညွှန်အဖွဲ့ဝင်များ၊ ညောင်ဦးမြို့ သံတဲဟိုတယ်မှ ဝန်ထမ်းများ၊ Oriental Balloon(OB) မှ ဝန်ထမ်းများ၊ Bagan Plastic Campaign အဖွဲ့မှ အဖွဲ့ဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ် မဲထီးကျေးရွာမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဒေသခံရပ်မိရပ်ဖများ စုပေါင်းအဖွဲ့က ရှေးဟောင်းယဉ်ကျေးမှုဒေသ သန့်ရှင်းသာယာ လှပရေးအတွက် ညောင်ဦး - မြင်းခြံသွားကားလမ်း ညောင်ဦးမြို့အဝင် လမ်းဘေး(ဝဲ၊ယာ)ရှိ စွန့်ပစ်ပလပ်စတစ် အမှိုက်များကို စုပေါင်းကောက်ယူ ရှင်းလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာလှပစေရေးအတွက် စွန့်ပစ်ပလပ်စတစ်အမှိုက်များ စုပေါင်း ကောက်ယူရှင်းလင်းရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်ဇော် ၏ ဦးဆောင်မှုဖြင့် ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ပုဂံခရီးသွားဧည့်လမ်းညွှန်အဖွဲ့ဝင်များ၊ ညောင်ဦးမြို့သံတဲဟိုတယ်မှ ဝန်ထမ်းများ၊ Oriental Balloon(OB) မှ ဝန်ထမ်းများ၊ Bagan Plastic Campaign အဖွဲ့မှ အဖွဲ့ဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ် မဲထီးကျေးရွာမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ဒေသခံရပ်မိရပ်ဖများ စုစုပေါင်း အင်အား ၁၀ဝ ဦးခန့် ပါဝင်ပြီး ညောင်ဦး - မြင်းခြံသွားကားလမ်း ညောင်ဦးမြို့အဝင် လမ်းဘေး (ဝဲ၊ယာ)ရှိ စည်းကမ်းမဲ့ စွန့်ပစ်ပလပ်စတစ်အမှိုက်များကို အဖွဲ့များခွဲ၍ စုပေါင်းကောက်ယူရှင်းလင်း၍ အမှိုက်သိမ်းယာဉ်များဖြင့် စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ စုပေါင်းအမှိုက်ကောက်ယူ ရှင်းလင်းရေးလုပ်ငန်းအား ပါဝင်ကူညီလိုသူများအနေဖြင့် အပတ်စဉ် စနေနေ့တိုင်း လိုက်ပါဆောင်ရွက်နိုင်ကြောင်းနှင့် ပြည်သူများအနေဖြင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ ရှောင်ကြဉ်သတိပြုကာ သတ်မှတ်နေရာများတွင် စနစ်တကျ အမှိုက်စွန့်ပစ်သွားကြရန် ကြော်ငြာဆိုင်းဘုတ်များဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ထားရှိပေးထားကြောင်း Bagan Plastic Campaign အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


