ပုဇွန်တောင်မြို့နယ်အတွင်း ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲ ရူပဗေဒ ဘာသာရပ်ကို အေးချမ်းစွာ ဖြေဆို

ပုဇွန်တောင် ၁၂ မတ်


၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအား မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခု တွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။


သို့ဖြစ်ရာ ပုဇွန်တောင်မြို့နယ် အတွင်းရှိ စာစစ်ဌာန(၂)ခုဖြစ်သည့် အထက(၁)နှင့် အထက(၄)တို့တွင် စာရင်းရှိ ကျား(၂၄၄)ဦး၊ မ(၂၄၀) ဦး စုစုပေါင်း (၄၈၄)ဦးအနက် ရူပဗေဒ ဘာသာရပ်အား ဖြေဆိုသူ ကျား ၂၂၂၊ မ ၂၂၄ ပေါင်း (၄၄၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။


စာမေးပွဲ ဖြေဆိုနေချိန်တွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများက  စနစ်တကျအနီးကပ်ကြီးကြပ် ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကိုဘုန်း(ပြန်/ဆက်)