ဝါရှင်တန်   ဒီဇင်ဘာ   ၈

လွန်ခဲ့သော ၈၄ နှစ်က ပုလဲဆိပ်ကမ်းကို ဂျပန်က တိုက်ခိုက်ခဲ့သည့်  အထိမ်းအမှတ်အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ်၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ အမေရိကန်တပ်ဖွဲ့ဝင်များအပါအဝင်    လူပေါင်း  ၃၀၀၀  ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်ခဲ့သူများတွင် နာဂါဆာကီ အဏုမြူဗုံးကြဲချမှုမှ အသက်ရှင်လွတ်မြောက်လာသူများနှင့် ဟိုနိုလူလူမြို့နှင့်ညီအစ်မမြို့ဆက်ဆံရေးရှိသည့် နီအီဂါတာခရိုင် နာဂါအိုကာ မြို့တော်ဝန်တို့လည်း ပါဝင်ခဲ့သည်။

အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်လာသူများသည်  ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက် တိုက်ခိုက်မှုစတင်ခဲ့သည့် နံနက် ၇ နာရီ ၅၅ မိနစ်တွင် ငြိမ်သက်ဆုတောင်းခဲ့ကြသည်။

ယင်းတိုက်ခိုက်မှုတွင်   အမေရိကန်နိုင်ငံသား ၂၄၀၀ ခန့်သေဆုံးခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို  ဒုတိယကမ္ဘာစစ်ထဲ ပါဝင်လာစေခဲ့သည်။ ငြိမ်းချမ်းရေးလမ်းကြောင်းသည်   မိမိတို့တန်ဖိုးထားသမျှ  အရာအားလုံးကို ကာကွယ်ရန်ပြင်ဆင်နေခြင်းသာဖြစ်သည်ဟု ဟာဝိုင်ယီရေတပ်ဒေသ ကွပ်ကဲရေး မှူး ရေတပ်ဗိုလ်ချုပ်ကြီး  ဘရတ်ဒ်ကောလင်းက ပြောသည်။

အဘိုးဖြစ်သူ  ဒုတိယကမ္ဘာစစ်တွင်  ပါဝင်ခဲ့သည့် အမျိုးသားတစ်ဦးက   အတိတ်တွင်ဖြစ်ပျက်ခဲ့သမျှ အားလုံးပြီးဆုံးသွားပြီဖြစ်ကြောင်း၊   ထို့ကြောင့် လူများသည်  အနာဂတ်ကို   ဆက်လက်မျှော်မှန်း လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာကြီးတွင် မိမိတို့လိုအပ်သည်က ငြိမ်းချမ်းရေးနှင့် ချစ်ခြင်းမေတ္တာဖြစ်ပြီး ယင်းအချက်များကို မိမိတို့ နှလုံးသားထဲထည့်ပြီး အတူတကွလုပ်ဆောင်နိုင်သည်ဟု ဖလော်ရီဒါပြည်နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

မည်သည့်အကြောင်းပြချက်နှင့်မျှ  စစ်ပွဲများမဆင်နွှဲသင့်ကြောင်း  ကမ္ဘာကြီးကို  သတင်းစကားပါးလိုကြောင်း နာဂါအိုကာမြို့တော်ဝန် အီဆိုဒါတက် ဆူနိုဘူက ပြောကြားခဲ့သည်။    

အင်န်အိတ်ချ်ကေ