ပုသိမ် ဩဂုတ် ၂၅

 

ဧရာဝတီတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးကုန်ဈေးနှုန်းရုံးအဖွဲ့နှင့် လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဩဂုတ် ၂၃ ရက်က ပုသိမ်မြို့နယ် အောင်သီရိဈေး (ကုလားကုန်း)၌ အခြေခံစာသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့သည်။

 

ထိုသို့ ရောင်းချရာတွင် စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ နှုန်း၊ ဝက်သား တစ်ပိဿာလျှင် ငွေကျပ် ၂၄၀၀၀ နှုန်း၊ အမဲသား တစ်ပိဿာလျှင် ငွေကျပ် ၁၈၄၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)