ပုသိမ်  ၂၁  ဖေဖော်ဝါရီ
 

မေတ္တာဖွံ့ဖြိုရေးဖောင်ဒေးရှင်းမှ ပြုလုပ်သော စပါးတန်းဖိုးမြှင့် ကွင်းဆက်စီမံကိန်း လက်တွေ့သုတေသန လုပ်ဆောင်မှုရလဒ်များ ချပြရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်ဟိုတယ်၌ ကျင်းပခဲ့သည်။


အဆိုပါ စပါးတန်းဖိုးမြှင့် ကွင်းဆက်စီမံကိန်း လက်တွေ့သုတေသနလုပ်ငန်းကို ၂၀၁၈ ခုနှစ်မှစပြီး လပွတ္တာမြို့နယ်နှင့် မော်ကျွန်းမြို့နယ်တို့မှ လယ်လုပ်တောင်သူ ၃၄ ဦးဖြင့်  တောင်သူ ၄၀ဝ ခန့်ကို မေးမြန်ခဲ့ရာ ဆန်းစပါး ဈေးကွက်ချိတ်ဆက်မှု၊ သဘဝဘေးအန္တရယ်ကြောင့် ထိခိုက်ပျက်စီးမှု၊ ထုတ်ကုန်ချိတ်ဆက်မှု၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ တောင်သူလယ်သမားများ ရင်ဆိုင်နေရသော အဓိကပြသာနာ (၇)ခု၊ စိုင်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှု အခြေအနေ သုတေသနဆိုင်ရာနည်းစနစ်၊ တောင်သူမိသားစုများ၏ အိမ်မက်များနှင့် လိုအပ်ချက်များကို သုတေသနပြု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သုတေသနပြု လုပ်ဆောင်ချက်များအား ချပြရှင်းလင်းရာတွင် မြန်မာ့ဖွံ့ဖြိုးရေးကွန်ယက် သုတေသနပညာရှင်း အကြံပေး ဦးသူရထွန်းနှင့် စီမံကိန်းလုပ်ငန်းတွင် လက်တွေ့ပါဝင်သော လယ်သမားများမှ သုတေသန စာတမ်းအား ဖတ်ကြားခြင်း၊ လက်တွေ့သုတေသန အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။


သုတေသနဆောင်ရွက်ရာတွင် ဝန်ဆောင်မှုပေးနေသော စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းမလုံလောက်မှု၊ ငွေကြေး အခက်အခဲ ရင်နှီးမြှုပ်နှံမှု၊ ဈေးကွက်တင်ပို့မှုအား လက်ဝါးကြီးအုပ်ထာရှိမှု၊  ဓာတ်မြေသြဇာ၊ ပိုသတ်ဆေး ဥပဒေ အခက်အခဲများ၊ တောင်သူများအား ကာကွယ်ပေးသော ဥပဒေလိုအပ်ချက်များ၊ စိုက်ပျိုးရေးသွင်းအားစု အခက်အခဲ များကို တွေ့ရှိရကြောင်း သုတေသနစာတမ်းများအရ သိရသည်။


အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးမွေးမြူရေး၊ သယံဇတနှင့် ပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ် ဦးထွန်းလှ တို့က အဖွင့်စကား ပြောကြားခဲ့ပြီး မေတ္တာဖွံ့ဖြိုရေးဖောင်ဒေးရှင်း စီမံချက်ညှိနှိုင်ရေးမှူး ဦးခင်မောင်လတ်က စံမံကိန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


မင်းထွန်းဇော်