နေပြည်တော်   ၁၂  ဖေဖော်ဝါရီ


၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပလျက်ရှိရာ မြို့နယ်အလိုက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပမှုများကို ဖော်ပြလိုက်ရပါသည်။

 

ပူတာအို


(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ကချင်ပြည်နယ် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပရာ တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြသည်။


အခမ်းအနားသို့ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ စာပေနှင့် ယဉ်ကျေးမှုအသင်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။


ဖုန်ကန်(ပူတာအို)  


ကန့်ဘလူ


(၇၂)ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး  ကန့်ဘလူမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ယနေ့ နံနက် ၇ နာရီက ကျင်းပရာ အခမ်းအနားတွင်  နိုင်ငံတော်အလံအား အလေးပြုခြင်းကို ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတော်သမ္မတထံမှ ပေးပို့သော သဝဏ်လွှာအား ခရိုင်စီမံခန့်ခွဲမှုကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယရဲမှူးကြီးမြင့်ဆွေက ဖတ်ကြားခဲ့သည်။


ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)

 

123


ရမည်းသင်း


ယနေ့တွင်ကျရောက်သည့်  (၇၂)ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နံနက် ၇ နာရီက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပရာ တက်ရောက်လာသူများက နိုင်ငံတော်အလံအာ အလေးပြုကြပြီး  နိုင်ငံတော်သမ္မတထံမှ ပေးပို့သော (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို ရမည်းသင်းခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းမှ ဖတ်ကြားခဲ့သည်။


အခမ်းအနားတွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။


ဇော်ဝင်းအောင်(ရမည်းသင်း) 

 

123

 

ကျိုက်လတ်


ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်တွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက မြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပရာ နိုင်ငံတော်အလံ အလေးပြုခြင်း၊ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာ ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။


အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ''သတင်းစကား'' လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။


အခမ်းအနားတွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ 


(ကျိုက်လတ် ပြန်/ဆက်)

 

123


ဒီးမော့ဆို


(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် တက်ရောက်လာသူများက နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က ဖတ်ကြားခဲ့သည်။


ထို့နောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။


တောရယ်(ပြန်/ဆက်)

 

123