ပူတာအို နိုဝင်ဘာ ၂၅
ပူတာအိုမြို့၌ ခရိုင်ပညာရေး ကော်မတီဥက္ကဋ္ဌဖလား အသက် (၁၉)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၂၄ ရက် က ပူတာအိုမြို့ ခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲတွင် အထက(ပူတာအို)ဘောလုံးအသင်းနှင့် အထက(ဆန်ဂေါင်)ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အထက(ပူတာအို) ဘောလုံးအသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။
ဆက်လက်၍ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးနှင့် တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆု၊ ရှေ့တန်းအကောင်းဆုံး ကစားသမားဆု၊ အလယ်တန်း အကောင်းဆုံးကစားသမားဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ တတိယဆုနှင့် တစ်ဦးချင်း လည်ဆွဲတံဆိပ်များ၊ ဒုတိယဆု၊ ပထမဆု၊ ဆုဖလားဆွတ်ခူးရရှိသော အထက(ပူတာအို) ဘောလုံးအသင်းအား ဆုဖလားနှင့်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဖုန်ကန်(ပူတာအို)


