ပူတာအို အောက်တိုဘာ  ၂၁

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ တောင်သူများ ၂၀၂၅-၂၀၂၆ မိုးစပါးရိတ်သိမ်းခြင်းနှင့် ဆောင်းသီးနှံများ ထွန်ယက်စိုက်ပျိုးရာတွင် အသုံးပြုနိုင်ရန်အတွက်  ဂုဏ်ပွင့်နိုင်   စက်သုံးဆီအရောင်းဆိုင်မှ တောင်သူများအား စက်သုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းအခမ်းအနားကို ယနေ့နံနက်က  ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်ရှိ ဂုဏ်ပွင့်နိုင် စက်သုံးဆီအရောင်းဆိုင်ရှေ့၌ ကျင်းပသည်။

အခမ်းအနားတွင်   ခရိုင်စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းက အမှာစကားပြောကြားပြီး   ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး   သန်းနိုင်၊   ခရိုင်စိုက်ပျိုးရေးဦးစီးဌာန   ဦးစီးမှူး ဦးမြင့်ထွေး၊  ဂုဏ်ပွင့်နိုင် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်  ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာတို့က စက်သုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။  ထို့နောက်   ခရိုင်စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများအား လယ်ယာမြေဧက ၃၇၀ အတွက် ဂါလန်ပေါင်း ၇၄၀ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးသည်။

ဖုန်ကန်(ပူတာအို)