နေပြည်တော် ၁၁ ဖေဖော်ဝါရီ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးသာဌေးနှင့် ဦးမျိုးဝင်းတို့ ပါဝင်သည့် အပြီးသတ်ကြားနာ ဆုံးဖြတ်ရေးအဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်ပြီး ရာဇဝတ်အထွေထွေလျှောက်ထားမှု(စာချွန်တော်) (၁)မှုနှင့် တရားမ အထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅)မှုကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမ အထွေထွေလျှောက်ထားမှု (စာချွန်တော်)(၅)မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)