ရွာငံမြို့နယ်၌ ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် အေးချမ်းစွာဖြေဆို

ရွာငံ ၁၂ မတ် 

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် စာစစ် ဌာန(၅)ခုတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို မတ်လ(၁၂)ရက်၊ နံနက်(၉)နာရီအချိန်မှစ၍ ကျောင်းသာ/ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရွာငံမြို့နယ်အတွင်းရှိ စာစစ်ဌာနများမှ ရူပဗေဒဘာသာရပ်ဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား/ကျောင်းသူဦးရေ စုစုပေါင်း( ၁၃၆၈ )ဦးရှိပြီး စုစုပေါင်း (၁၃၁၁ )ဦး ဖြေဆိုကြရာ ပျက်ကွက်ကျောင်းသား/ကျောင်းသူဦးရေ စုစုပေါင်း(၅၇)ဦးရှိ၍ ဖြေဆိုရာခိုင်နှုန်း (၉၅.၈၃) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများအနီးဝန်းကျင်တွင် ဆူညံသံများနှင့် အနှောင့်အယှက်များမရှိစေရန် ဌာနဆိုင်ရာများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များတို့က လုံခြုံရေးကိစ္စများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပြည့်ဖြိုးသန့်(ရွာငံ)