ရီယိုဒီဂျနေးရိုး နိုဝင်ဘာ ၇
လာမည့်သီတင်းပတ်အတွင်း ကျင်းပမည့် ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး (COP30) သို့ တက်ရောက်ရန် ကမ္ဘာ့ခေါင်းဆောင်များသည် နိုဝင်ဘာ ၆ ရက်က ဘရာဇီးနိုင်ငံသို့ ရောက်ရှိလာကြသည်။
အမေရိကန်ပြည်ထောင်စုက ပူးပေါင်းဆောင်ရွက်မှုများမှ နောက်ဆုတ်နေချိန် ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ရာတွင် ခရီးပန်းတိုင်တစ်ခုသို့ရောက်ရှိရန် မျှော်မှန်းထားကြသည်။ နိုဝင်ဘာ ၁၀ ရက်တွင် ဘဲလ်လမ်မြို့၌ ရာသီဥတုဆိုင်ရာဆွေးနွေးပွဲ စတင်ဖွင့်လှစ်မည်ဖြစ်သည်။
နိုင်ငံနှင့်ဒေသပေါင်း ၅၀ ခန့်မှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ပြီး အဆိုပါဆွေးနွေးပွဲမှာ နှစ်ရက်ကြာကျင်းပမည်ဟု ဘရာဇီးအစိုးရက ပြောသည်။ ရာသီဥတုပြောင်းလဲမှုပြဿနာမှာ အရှိန်မြင့်လာသည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်က ပြောသည်။
ဆွေးနွေးညှိနှိုင်းရမည့်အချိန်မဟုတ်ဘဲ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အချိန်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှင့်မှုကို လျှော့ချရာတွင် ဦးဆောင်မှုကိုပြသရန် ၎င်းက တောင်းဆိုခဲ့သည်။ အမေရိကန်သည် ကမ္ဘာပေါ်တွင် ဒုတိယမြောက်အများဆုံး ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်သည့် နိုင်ငံဖြစ်သော်လည်း ဇန်နဝါရီလအတွင်း ပါရီသဘောတူညီချက်မှ နုတ်ထွက်မည်ဖြစ်သည်။
ရာသီဥတုဆိုင်ရာဆွေးနွေးပွဲသို့ အမေရိကန်အစိုးရက အဆင့်မြင့်ကိုယ်စားလှယ်များ စေလွှတ်မည်မဟုတ်ဟု ကြေညာခဲ့သည်။
အင်န်အိတ်ချ်ကေ


