နေပြည်တော် ၁၄ ဖေဖော်ဝါရီ 

 


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နှင့်ကျိုင်းတုံမြို့အကြား ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ယာယီတာဝန်အပြီး တောင်ကြီးမှ ကျိုင်းတုံသို့ပြန်လာသည့် တပ်ရင်းမှူး ၂ ဦးထံမှ အသုံးဆောင် ပစ္စည်းများကို RCSS/SSA  အဖွဲ့ အင်အား ၅၀ ခန့်က ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းတွင် ယူဆောင်သွားခဲ့သဖြင့် တပ်မတော်သို့ အမြန်ဆုံးပြန်လည်ပေးအပ်ရန် အကြောင်းကြားခဲ့သည်။

 


ထိုသို့ အသုံးဆောင်ပစ္စည်းများ အမြန်ဆုံးပြန်လည်ပေးအပ်ရန် အကြောင်းကြားခဲ့ခြင်းကြောင့် RCSS/SSA  အဖွဲ့ တာချီလိတ်မြို့ ဆက်ဆံရေးရုံးတာဝန်ခံနှင့် အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၃ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် မိုင်းပျဉ်းမြို့ရှိ နယ်မြေခံတပ်သို့ လာရောက်၍ ၎င်းတို့ ယူဆောင်သွားသော အသုံးဆောင်ပစ္စည်းများ အားလုံးကို ပြန်လည်အပ်နှံခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

 


(သတင်းစဉ်)