ရွှေဘို      မေ     ၂၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အတွက် စတင်ကျောင်းအပ်လက်ခံနေပြီဖြစ်သည်။

 

ကျောင်းလာရောက်အပ်နှံကြသည့် ကျောင်သား ကျောင်းသူများကို အတန်းလိုက် ကျောင်းသုံး ပုံနှိပ်စာအုပ် တစ်စုံကို အခမဲ့ထောက်ပံ့ပေးအပ်၍ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံခြင်းမရှိကြောင်း သိရသည်။

 

ရွှေဘိုမြို့နယ်တွင် ခြေခံပညာကျောင်း ၉၂ ကျောင်း၊ ဘုန်တော်ကြီးသင် ပညာရေးကျောင်း ၁၁ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း လေးကျောင်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)