ရန်ကုန် ၂၃ ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်တွင် ၂၀၁၈ ခုနှစ်က ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် ကျေးလက်ဒေသ (၃၀) မှ မိုးစပါး လယ်ဧက (၇၅၄၅) အတွက် မြန်မာချီကျိ ဖောင်ဒေးရှင်းက ၂၀၁၈-၂၀၁၉ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် (ရေဆင်း ၉ ပဲတီစိမ်း) မျိုးအား တစ်ဧကလျှင် (၁၅) ကီလိုနှုန်းဖြင့် (၇၅၄၅) ဧကအတွက် ပဲတီစိမ်းမျိုး (၁၁၃၁၇၅) ကီလိုကို လှူဒါန်းပေးအပ်ခဲ့ရာ ဆောင်းသီးနှံ စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်ခဲ့သည်။

ထိုသို့ ဖြစ်ထွန်းအောင်မြင်သည့် ဆောင်းသီးနှံပဲတီစိမ်းများအား ဖေဖော်ဝါရီ (၂၃) ရက်မှ စတင်ရိတ်သိမ်းလျက်ရှိပြီး ဆက်လက်၍ ၂၀၁၉ ခုနှစ် မိုးစပါးစိုက်ပျိုးချိန်အမီ တောင်သူလယ်သမားကြီးများအား ပျက်စီးဧက (၇၅၄၅) အတွက် တစ်ဧကလျှင် (၁)တင်းနှုန်းဖြင့် ပုသိမ်ရာကျော် စပါးမျိုးများအား ထပ်မံလှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။


ကိုကြီးစိုး(ဆိပ်ကမ်း)

 

mdn